Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲများ ကျင်းပပြုလုပ်
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ရေနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိသောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြား စွန့်ပစ်နိုင်ရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက…
Jul 08,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက (၁၅၆)ရပ်ကွက်သို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ကြီးမြို့နယ်၌ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်
Jul 08,2025
ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီက ပုသိမ်ကြီးမြို့နယ်ရှိ နန္ဒာခေတ်မီစံပြကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှု သရုပ်ပြပွဲအခမ်းအနား ကျင်းပ
Jul 08,2025
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုသရုပ် ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတက္ကသိုလ်၌ သင်္ချာပါမောက္ခဒေါက်တာ ခင်မောင်ဆွေ (တက္ကသိုလ်မောင်သင်္ချာ) ရေးသားထုတ်ဝေသည့် သင်္ချာပညာရပ်ဆိုင်ရာ (သုတ၊ရသ) စာအုပ်များ လှူဒါန်းပွဲ အခမ်းအနား က…
Jul 08,2025
မန္တလေးတက္ကသိုလ်၌ မြန်မာနိုင်ငံ ဝိဇ္ဇာ/သိပ္ပံပညာရှင် အဖွဲ့ဝင်ဖြစ်သည့် သင်္ချာပါမောက္ခ ဒေါက်တာ ခင်မောင်ဆွေ (တက္ကသိုလ် မောင်သင်္ချာ) ရေးသားထုတ်ဝေသည့် သင်္ချာပညာ ရပ်ဆိုင်ရာ (သုတ၊ရသ) စာအုပ်များ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတက္ကသိုလ် (URC)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်
Jul 08,2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့သောင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်နိုင် ဦးဆောင်မှုဖြင့် ကော့သောင်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သီးခြားတပ်ဖွဲ့စုများမှ တပ်ဖွဲ့ဝင်များမှ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ၁၄၆၆ ဧကစိုက်ပျိုးထုတ်လုပ်သွားမည်
Jul 08,2025
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါးမျိုးစေ့ထုတ်ဧက ၁၄၆၆ ဧကစိုက်ပျိုး၍ မျိုးစေ့ထုတ်လုပ် သွားမည်ဖြစ်သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာ၊ ကွင်းအမှတ်-၁၁၆၇ ရှိ ကရင်ပြည်နယ်မျိုးစေ့ထုတ်အသင်း၏ ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းအား သွားရောက်ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာန(ခွဲ)မှ တောင်သူများအား မြေဆီဩဇာတိုးတက်ကောင်းမွန်စေသော အီးအမ်ဘိုကာရှီ သဘာဝမြေဆွေး ပြုလုပ်သုံးစွဲပုံအဆင့်ဆင့်ကို လက်တွေ့ပြုလုပ်ပြသရာ ကော့သင်းရှူး၊ ကော့မားကယ်၊ နောင်လုံအနောက်၊ လှိုင်ကားကျေးရွာများမှတောင်သူများ လေ့လာခဲ့ကြပြီး သဘာဝမြေဆွေးပြုလုပ်ရာတွင်လိုအပ်သော အီးအမ်ရည်များကို အခမဲ့ဖြန့်ဝေပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ လဟယ်မြို့၌ (၂၇)ကြိမ်မြောက် လဟယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၂၇)ကြိမ်မြောက် လဟယ်မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်၊ (၉)နာရီအချိန် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဌာန ဗဟိုကျောင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
44
Page
45
Page
46
Page
47
Current page
48
Page
49
Page
50
Page
51
Page
52
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department