ရေတာရှည် မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် အခြေခံပညာမူလတန်းပြဆရာ၊ ဆရာမများအား နည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို မေ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက အ-ထ-က ရေတာရှည်အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို ပညာရေးမှူးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ မေလ ၂၄ ရက်နေ့ထိ (၁၀) ရက်ကြာ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ (၄၁၂) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)