အမြို့မြို့အနယ်နယ်သတင်းများ

May 18,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို မေ ၁၆ ရက် နံနက် ၉ နာရီက မြစ်သားမြို့ ဘူတာရပ်ကွက်၌ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
May 18,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်ကွန်နား‌ကျေးရွာနှင့် မိုင်ဟိုင်းကျေးရွာအုပ်စုတို့၌ မိုးသီးနှံစိုက်ပျိုးရန်မြေယာပြုပြင်နေမှုနှင့် နမ့်တွန်ချောင်းတာဘောင်များပြုပြင်ထားရှိမှုအခြေအနေများအား ယနေ့နံနက် ၉ နာရီခွဲတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့‌ကြောင်း သိရသည်။
May 18,2026
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်ကြမည့် အခြေခံလေကြောင်း လူငယ်သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
May 18,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပန်လော့ကျေးရွာအုပ်စုတွင် သီးနှံများအထွက်နှုန်း တိုးတက်ရေးအတွက် အီးအမ်ဘိုကာရှီမြေဆွေးပုံပြုလုပ်နည်း လက်တွေ့ပြုလုပ်ပြသခြင်းနှင့် တောင်သူနည်းပညာပေး ဆွေးနွေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 18,2026
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပန်ပေါင်းကျေးရွာရှိ လျှပ်စစ်ဓာတ်အားခွဲရုံသို့ရောက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် တာဝန်ရှိသူများက ကြိုဆိုသည်။
May 17,2026
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီခရိုင် ထန်းတပင်မြို့နယ်သံဃနာယကဆရာတော်များနှင့်ဦးဆောင် ဆရာတော်များဦးစီးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာစာမေးပွဲနှင့်ဆုနှင်း သဘင်အခမ်းအနားကို မေ ၁၇ ရက်က အစုကြီးကျေးရွာအုပ်စု သီတာအေးကျေးရွာရှိ ဓမ္မပါလကျောင်း တိုက်ကြီးတွင်ကျင်းပသည်။
May 17,2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြူဖြူဝင်းနှင့် ဝန်ထမ်းများက ယနေ့မွန်းလွဲ ပိုင်းတွင် အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများကို အမက(၄)ကျောင်းတွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး၊ မိုးဦးရာသီတွင် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ဆောင်ရန်ရှောင်ရန်တို့ကို အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။