တံတားဦးမြို့ ရေစီးရေလာကောင်းမွန်စေရေအတွက် ရေနုတ်မြောင်းများ သန့်ရှင်းရေးဆောင်ရွက်

တံတားဦး မေ ၁၈

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် အစိုးရသစ်လက်ထက် ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်မေသိုက်နှင့် ဝန်ထမ်းတက်ရောက်ကြသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက မြို့သန့်ရှင်းသာယာလှပရေး မြို့ပေါ်ရပ်ကွက် လမ်းဘေးဝဲ/ယာရှိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် အမှိုက်များဆယ်ယူခြင်း၊ လမ်းပခုံပေါ်ရှိအမှိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျော့နည်းပပျောက်စေရေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ၏ ရင်တွင်းအေးမြခံစားစေရန် လမ်းပခုံးဘေးတွင် အရိပ်ရအပင်နှင့် ပန်းအလှပင်းများစိုက်ပျိုးပေးခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)