Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန္တလေးတိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီမှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီးလက်ဝှေ့ဆပ်ကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းနှင့် လူသစ်တန်း အမျိုးသား/အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေ ၁၇ ရက် နေ့လယ်ပိုင်းက မန္တလာသီရီအားကစားကွင်း လက်ဝှေ့ရုံ၌ ကျင်းပလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများရှိ ထွက်ကုန်များစျေးကွက်သို့ အချိန်မီရောက်ရှိစေရန် ကျေးလက်လမ်းများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု…
May 18,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာရေးအတွက် ဒေသထွက်ကုန်များစျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ကျေးလက်လမ်းကွန်ယက်များဆောင်ရွက်ပေးနိုင်ရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အောင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ မေ ၁၇ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ်အတွက် မိုးရာသီအတွက် စိုက်ပျိုးမည့် ပျိုးပင်မျိုးစုံပေါင်း (၃၀၀၀၀) ပင် ပြုစုပျိုးထောင်ထားရှိ
May 18,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် ပျိုးပင်မျိုးစုံပေါင်း (၃၀၀၀၀) ပင်ကို တံတားဦးမြို့ သစ်တောဦးစီးဌာန သင်ပန်းပျိုးဥယျာဉ်ခြံတွင် ပြုစုပျိုးထောင်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနည်းစနစ်နှင့် သဘာဝမြေဩဇာ ပြုလုပ်နည်း အသိပညာပေးဟောပြောပွဲ ဟွေဆော့ကျေးရွာ၌ ကျင်းပ
May 18,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဒေသခံ တောင်သူလယ်သမားများအား မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနည်းနှင့် သဘာဝမြေဩဇာ ပြုလုပ်နည်း အသိပညာပေးဟောပြောပွဲကို မေလ ၁၆ ရက်နေ့က ဟွေဆော့ကျေးရွာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း၌ နွေရာသီအင်္ဂလိပ်စကားပြော(အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
May 18,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ For Life ဘုန်းတော်ကြီးကျောင်း၌ နွေရာသီအင်္ဂလိပ်စကားပြော(အခမဲ့) သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုဒေသတွင် ပေါ်ဦးပေါ်ဖျား ခြံထွက်ဒူးရင်းသီးများ ဈေးကောင်းရရှိ
May 18,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ တောင်သူများသည် နှစ်ရှည်ဥယျာဥ်ခြံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုလျက်ရှိရာ ယခုကာလတွင် ခြံထွက်ဒူးရင်းသီးများ ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း စက်ကိရိယာချေးငွေတိုးမြှင့်ချေးရေးအတွက် တောင်သူများအား ရှင်းလင်းပြောကြား
May 18,2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီးဘဏ်ခွဲမှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ အတွင်း စက်ကိရိယာ ချေးငွေတိုးမြှင့်ထုတ်ချေးရေးအခမ်းအနားကို မေ ၁၆ ရက်န့ နံနက် ၉ နာရီက မန္တလေး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်၌ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မီးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
May 18,2026
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်၌ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မေ ၁၈ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများသို့ သွားရောက် ကွင်းဆင်းဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
397
Page
398
Page
399
Page
400
Current page
401
Page
402
Page
403
Page
404
Page
405
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department