အမရပူရမြို့နယ်​၌ သမဝါယမ ကန်ထရိုက်လယ်ယာစနစ်စနစ်ဖြင့် အ‌ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး

အမရပူရ မေ ၁၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ သမဝါယမအသင်းသားတောင်သူများအား သမဝါယကန်ထရိုက်လယ်ယာစနစ် (Cooperative Contract Farming) စနစ်ဖြင့် အ‌ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အသင်းသားတောင်သူများနှင့် တွေ့ဆုံပွဲကို မေ ၁၇ ရက် မွန်းလွဲ ၂ နာရီက ဂျိုကျေးရွာသမဝါယမအသင်းစုဥက္ကဋ္ဌ နေအိမ်တွင် ပြုလုပ်သည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦးက လက်ရှိဆောင်ရွက်နေသောလုပ်ငန်းစဉ်များနှင့်ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက်သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက ဂျိုကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့်တွေ့ဆုံပြီး ယခုလာမည့် မိုးစပါးရာသီတွင် သမဝါယမအသင်းသားတောင်သူ(၃၉)ဦး ပိုင်ဆိုင်သော လယ်မြေဧက ၁၅၀ အား စနစ်တကျစိုက်ပျိုးရေး၊ သမဝါယမကန်ထရိုက်လယ်ယာစနစ် (Cooperative Contract Farming) စနစ်ဖြင့် အ‌ကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများမှ သိရှိလိုသည်များမေးမြန်းခဲ့ရာ  ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)