ကျိုက်မရောမြို့နယ်လုံးဆိုင်ရာ (၂၂)ကြိမ်​မြောက် မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကျင်းပ

ကျိုက်မရော မေ ၁၇

မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၌ (၂၂)ကြိမ်မြောက် ကျိုက်မရောမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝင်းရှိ သာသနာ့ဗိမ္မာန်တော်ကြီးအတွင်း၌ ကျင်းပသည်။

အဆိုပါ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ (၂၂)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း စာမေးပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ကော့ပနောကျောင်းတိုက် ဆရာတော်ကြီးထံမှ သိရသည်။ ဆက်လက်၍  မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မွန်လူမျိုးတို့၏  ရိုးရာစာပေနှင့်ယဉ်ကျေးမှုကို  ငယ်စဉ်ကလေးဘဝထဲကစ၍ သင်ယူလေ့လာတတ်​မြောက်စေရန်နှင့် မွန်စာပေအဆင့်အတန်းမြင့်မားစေရန် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် နှစ်စဉ်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲတွင် မွန်စာပေ ဒုတိယတန်း ၊တတိယတန်း၊ ဗုဒ္ဓဘာသာယဥ်ကျေးမှု  ၊ဟံသာဝတီသမိုင်း၊ မုတ္တမသမိုင်း ၊မွန်စာပေသမိုင်း မွန်ရိုးရာဓလေ့ထုံးတမ်းများကို ဖြေဆိုကြရမည်ဖြစ်ပြီး ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများမှ မွန်လူငယ်စုစုပေါင်း (၉၅၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)