Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထန်းတပင်မြို့နယ် ဆိပ်ကြီး-ရေကျော်-ပဲပုတ် ရေတားတမံ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု
May 19,2026
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် တိုင်းဒေသကြီးအစီအစဥ်နှင့်ပြည်သူလူထုထည့်ဝင်ငွေတို့ဖြင့်ဆောင်ရွက်နေသည့် ဆိပ်ကြီး-ရေကျော်-ပဲပုတ် ရေတားတမံအား မေလဒုတိယပတ်ကစတင်၍ ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တင်ထွန်းနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ နိုင်ငံတော်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သော ပြည်သူစစ်မှုထမ်းများအား ဂုဏ်ပြုကြိုဆို
May 19,2026
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စွန့်လွတ်စွန့်စားသည့်စိတ်ဓာတ်ဖြင့် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး မိမိမြို့ရွာသို့ပြန်လည်ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းဆောင်ခဲ့သူများအား ကြိုဆိုဂုဏ်ပြုပွဲကို ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲပြုလုပ်
May 19,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၆ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် (၅၄) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ခန္တီးခရိုင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် ရာသီဉတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ " A Global Call For Climate Action" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (ခန္တီး) ကျောင်းတွင် ကျင်းပပြုလုပ်ရာ အထက်တန်းဆင့် (၁၀) ဦးနှင့် အလယ်တန်းအဆင့်(၁၂)ဦး စုစုပေါင်းကျောင်းသား/သူ (၂၂) ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် လူမှုဖူလုံရေးရုံးတွင်အကျုံး ဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းဆေးကုသပေးလျက်ရှိ
May 19,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်းကုသပေးခြင်းကို (၁၉.၅.၂၀၂၆) ရက်နေ့နံနက်ပိုင်းက မြို့နယ်လူမှုဖူလုံရေးဦးစီးဌာနရုံးဝန်းတွင် အခမဲ့ဆေးကုသပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို လှေကြီးတတ်ကျေးရွာအုပ်စုရှိ တောင်သူများအား…
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်အရဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ယနေ့ မေလ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က လှေကြီးတတ်ကျေးရွာအုပ်စုရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံး၌ ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ KG နှင့် Grade-1 သင်တန်းသင်ကြားနေမှု လွှတ်တော်ကိုယ်စားလှယ်များ ကြည့်ရှုအားပေး
May 19,2026
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဦး၊ တိုင်းဒေကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တင်ထွန်းနှင့်အဖွဲ့ဝင်များသည် မေလ ၁၈ ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း(ထန်းတပင်)၌ KG နှင့် Grade - 1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဆင့်ပွားဆွေးနွေးပွဲသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်တွင် ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကျင်းပ
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲကို အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မေလ(၁၈)ရက်နေ့၊နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၆၅ ရပ်ကွက်အတွင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ဌာနဆိုင်ရာများ၊ ကျန်းမာရေးဆရာ/ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
383
Page
384
Page
385
Page
386
Current page
387
Page
388
Page
389
Page
390
Page
391
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department