အမြို့မြို့အနယ်နယ်သတင်းများ

May 18,2026
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မကျီးတန်းရပ်ကွက် ဦး‌အောင်ဇေယျလမ်း၌ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးတွင်းအခါ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရေမြောင်းဖော်ထုတ်ခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်နှင့်ဝန်ထမ်းများက ယမန်နေ့ည‌နေက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းနှင့် ဦးစီးအဖွဲ့၀င်များ၊ လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမဇိုးလောင်ဝီး၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒေသဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်အောင်နှင့် လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးတို့ လိုက်ပါ၍ ယနေ့နံနက်(၁၀:၃၀)နာရီအချိန် လဟယ်မြို့မာလာတောင်အားကစားခန်းမ၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်နေမှု ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
May 18,2026
‎မန္တ‌လေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မြတောင်ကျောင်းတိုက်အတွင်း ရာပြည့်ဗိမာန်တော်ကြီး၌ ယနေ့မွန်းလွဲပိုင်းက ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ကျင်းပသည်။
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ပြည်ထဲရေး၀န်ကြီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဉပဒစိုးမိုးရေးအတွက် မူခင်းကျဆင်းရေးအသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက ရွှေပေါက်ကံမြို့သစ်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 18,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး‌ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နေ့လယ်(၁)နာရီက ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်သည်။
May 18,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ရပ်ကွက် လုံးကျွတ်အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီက ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
May 18,2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေး အသိပညာပေး နှိုးဆော်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက္ခမီမြို့၊ မြို့မစျေးရပ်ကွက်(မြို့မစျေး)တွင် ဖြန့်ဝေခဲ့ကြသည်။