မြိတ် မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူလူထုအကြား မှုခင်းဖြစ်ပွားမှုများ လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှမှုခင်း ကြိုတင်ကာကွယ်ရေးနှင့် မှုခင်းပညာပေးဟောပြောပွဲကို မေ(၁၈)ရက် နံနက်ပိုင်းက ကလွင်ကျေးရွာအုပ်စု၊ တောရ ကျောင်းရပ်၊ တောရအောက်ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပသည်။
ဟောပြောရာတွင် နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ရဲအုပ် ဝင်းသိန်းကမှုခင်းများ လျော့နည်းစေရေးအတွက် နယ်ထိန်းအဖွဲ့မှ လှည့်ကင်း ဝပ်ကင်းရပ်ကင်းများဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး မြို့မရဲတပ်ဖွဲ့ စခန်း ဒုစခန်းမှူး ရဲအုပ်သက်ပိုင်မှူးက ပြစ်မှုများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် အချက်အလက်များကို ရှင်းလင်းပြောကြား၍ မြို့မရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုရဲမှူးသော်ဇင်ဦးက မှုခင်းဖြစ်ပွားမှု ဖော်ထုတ်ဖမ်းဆီးမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အေးဝင်းက ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်းဖြစ်ပွားခဲ့သော အမှုကြီးများ ဖော်ထုတ်ဖမ်းဆီးရရှိမှုအခြေအနေများနှင့် ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဟောပြောပွဲသို့ ကလွင်ကျေးရွာနေ ရပ်ကွက်သူ၊ ကျောင်းသားများ (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာကြသူများအား မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)