Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးမြို့၌ (၆၁)နှစ်မြာက် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Sep 24,2025
မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ပုညဝတီကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်စိုးဝင်း နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရာက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်၌ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးရောင်းချပေးသည့် ဓာတ်မြေဩဇာဖိုးငွေများ သတ်မှတ်ကာလအတွင်း အပြေအကြေပြန်လည်ကောက်ခံရေးနှင့် ဧက ၅၀ လျှင် မျိုးစေ့ချကိရိယာတစ်လက်နှုန်း ဝယ်ယူဖြန့်ဖြူးရောင်းချနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၂ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၊ ချုပ်ချက်ကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနာ…
Sep 24,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကူးကော်ကျေးရွာအုပ်စု၊ ချုပ်ချက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးစေခြင်းအခမ်းအနားနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) နှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေး
Sep 24,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး (DT) ထိုးနှံပေးခြင်းကို ယမန်နေ့က အခြေခံပညာအထက်တန်း (ကျောက်တံခါး) ကျောင်း ပတ္တမြားခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့ပေါ်ရှိဆေးဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချရန် ကြပ်မတ်စစ်ဆေး
Sep 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲ(၁)နာရီက မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ
Sep 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့ အခြေခံပညာအထက်တန်းကျောင်း (သနပ်ပင်)၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ချီးမြှင့်သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး
Sep 24,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့နယ်တွင် အခြေခံစားကုန်များဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးလိုက်လံစစ်ဆေး
Sep 24,2025
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအခြေခံစား သောက်ကုန်များဝယ်ယူစားသုံးမှုအဆင်ပြေစေရန်အတွက် မြို့မဈေးကြီးအတွင်းအပြင်၌ ရောင်းချသောအခြေခံစားသောက်ကုန်များအား သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိမရှိကို ယနေ့နံနက်ကဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ကလိုက်လံ စစ်ဆေးနေကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
381
Page
382
Page
383
Page
384
Current page
385
Page
386
Page
387
Page
388
Page
389
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department