အမြို့မြို့အနယ်နယ်သတင်းများ

May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်အမှတ်(၄၂)ရပ်ကွက်သို့ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်းကို အမှတ်(၁၂)ရပ်ကွက်ဓမ္မာရုံတွင် ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
May 19,2026
ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဦးစီးအရာရှိ ဦးဇာနည်ထွန်းနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့တို့ပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့ပေါ် ရပ်ကွက်များ၊ မြို့မဈေး၊ အောင်သာယာဈေးနှင့် ဗိုလ်ချုပ်ဈေးတို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များ၊ မုန့်ဆိုင်များ၊ အလှကုန်ဆိုင်များနှင့် ကုန်ခြောက်ဆိုင်များအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 19,2026
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး ဆွေးနွေးပွဲဆောင်ရွက်ခြင်းနှင့် စာအုပ်ပြပွဲကျင်းပ ဆောင်ရွက်ခြင်းကို မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
May 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်း၊ ဒေးဒရဲမြို့နယ် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ယနေ့မွန်းလွဲ (၁) နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
May 19,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနကဦးစီး၍ အစိုးရသစ်ရက်(၁၀၀)စီမံချက်ဖြင့် လူထုကျန်းမာရေးလုပ်သား သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 19,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးလုပ်ငန်းနှင့် သဘာဝဓာတ်မြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဝိန်းလိတ်ရပ်ကွက်၌ ပြုလုပ်သည်။
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။