လိပ်သိုဒေသထွက် ထောပတ်သီးများ ဈေးကောင်းရရှိ

လိပ်သို ဇူလိုင်၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို​ဒေသရှိ ဒေသခံများမှာ နှစ်တိုနှစ်ရှည် သီးနှံပင်အမျိုးမျိုးကို စိုက်ပျိုးလျက်ရှိကြရာ ထောပတ်ပင်များကိုလည်း စိုက်ပျိုးထားလျက်ရှိပြီး ဒေသထွက်ထောပတ်သီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုမြို့တွင် ထောပတ်သီးများမှာ စက်တင်ဘာလမှ ဇန်နဝါရီလအတွင်း ထွက်ရှိကြောင်း၊ ထောပတ်သီးတွင် အာဟာရဓာတ်ကြွယ်ဝပြီး ဆေးဖက်ဝင်အာနိသင်များစွာ ပါဝင်ကာ ထောပတ်သီးကို သကြား၊ နို့ဆီများနှင့် ရော၍ ဖျော်ရည်အဖြစ်လည်း ပြုလုပ်စားသုံးနိုင်ကြောင်း၊ ဒေသထွက် ထောပတ်သီးတစ်လုံးလျှင် (၇၀ဝိ/-)ကျပ် စျေးရရှိနေကြောင်း ထောပတ်ပင်စိုက် တောင်သူတစ်ဦးထံမှ သိရသည်။

လိပ်သိုဒေသတွင် ထောပတ်ပင်များအပြင် ဒူးရင်း၊ မင်းကွတ်၊ သရက်၊ သံပရာ၊ ကျွဲကော စသည့် နှစ်ရှည်သီးနှံများလည်း ထွက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ဆက်)