စဉ့်ကိုင်မြို့နယ် "ဘဝအလင်းသစ်"   စာကြည့်တိုက်၌ လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများ ကျင်းပ

စဉ့်ကိုင် ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (သင်္ဂတုံ)တို့ ပူးပေါင်း၍  စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်က သင်္ဂတုံကျေးရွာရှိ "ဘဝအလင်းသစ်" စာကြည့်တိုက်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ကျောင်းသား၊ကျောင်းသူများ အသိပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်း ရတနာများပေါ်ထွန်းလာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်၊ လူအများ အလယ်တွင်ရဲဝင့်စွာ ပြောဆိုတတ်စေရန်၊  စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စသည်တို့ကို ရည်ရွယ်ကာ ယခုလို ဟောပြောပွဲများ၊ ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း‌ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များ၊ ဥပဒေပုဒ်မများ၊ ပြစ်မှုပြစ်ဒဏ်များ စသည့်အ‌ကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်‌နှင်းအိအိခိုင်ကပြိုင်ပွဲ ကျင်းပ‌ရခြင်း ရည်ရွယ်ချက်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းခဲ့ကြသည်။ ဆက်လက်၍ အ.မ.က (သင်္ဂတုံ)မှ ပြိုင်ပွဲဝင်ကျောင်းသား/သူများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက်ဆုရရှိသော ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသုံးဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရှိရပြီး တက်ရောက်လာသော  ကျောင်းသား၊ ကျောင်းသူများက အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)