ညောင်ဦး ဇူလိုင် ၂၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရားကြီးတောင်ဘက်နှင့် မြောက်ဘက်အာရုံခံ စောင်းတန်းနှစ်သွယ် ရွှေချလုပ်ငန်းတင်ဒါဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အာနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အာနန္ဒာဘုရားကြီးစောင်းတန်းများ ထိုင်ဝမ်ရွှေဆိုင်းကပ်တင်ဒါလုပ်ငန်း ကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ယွန်းကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်က အဖွင့်အမှာစကား ပြောကြားပြီး အာနနန္ဒာဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ထိုင်ဝမ်ရွှေဆိုင်း ရွှေချလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ ကော်မတီဝင်တစ်ဦးမှ ထိုင်ဝမ်ရွှေဆိုင်းကပ်လုပ် ငန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားကာ ထိုင်ဝမ်ရွှေဆိုင်းကပ်လုပ်ငန်း တင်ဒါဆွဲဝယ်သူများမှ စည်းကမ်းချက်များနှင့် ပတ်သက်၍ ပြန်လည်မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများကရှင်း လင်းဖြေကြားကာ ထိုင်ဝမ်ရွှေဆိုင်းရွှေချလုပ်ငန်း တင်ဒါဖွင့်ပွဲအား ကျင်းပပြီး တင်ဒါအောင်မြင်သူအား လုပ်ငန်း တာဝန်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း (ပြန်/ဆက်)