စစ်ကိုင်း ဇူလိုင် ၂၂
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတန်းပေါင်းစုံဖူဆယ် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ၄ ချက် ရွတ်ဆိုကြသည်။
ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌမှ ဖူဆယ်ပြိုင်ပွဲအား ဖွင့်လှစ်ကြောင်းကြေငြာသည်။ စစ်ကိုင်းပညာရေးတက္ကသိုလ် အတန်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၇)သင်းပါဝင်ယှဉ်ပြိုင်ကြပြီး (၃)ရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းအောင်