အမြို့မြို့အနယ်နယ်သတင်းများ

Jul 25,2025
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း၌ ယမန်နေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန်ခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရေနံလိုင်း၊ မြနန္ဒာရိပ်သာအိမ်ရာ၊ မီးပြဝန်းများတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲခြင်း၊ နေအိမ်ခေါင်မိုးများ လွင့်စင်ခြင်း၊ နေအိမ်လိုင်းခန်း (၅) ခန်းခန့် သစ်ပင်ပိခြင်း ဖြစ်ပွားခဲ့ရာ အိမ်များ ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
Jul 25,2025
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ပရဟိတမြို့မ-သာသနာပြုကျောင်း၌ မြို့ရှိဌာနဆိုင်ရာများတို့မှ စုပေါင်းကာ ဇူလိုင် ၂၄ရက်နေ့က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့သည်။
Jul 25,2025
​ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၄-၂ဝ၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား​​ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုယမန်နေ့ ည​နေပိုင်းက အဆိုပါတက္ကသိုလ်ရှိ​ဘောလုံး ​အားကစားတွင်ကျင်းပခဲ့ကြောင်း သိရသည်။
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကော်မတီ ကြီးမှူး၍ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကောမတီ၏ ပထမ (၃)လပတ်စီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး​ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 25,2025
လမ်းမတော်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၂၃ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် လမ်းမတော်မြို့နယ်၊ ၁၂ ရပ်ကွက်၊ သရက်တောကျောင်းတိုက်ဝန်းအတွင်းရှိ ဘုန်းကြီးကျောင်း (၆၆) ကျောင်းအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။
Jul 25,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလတ်ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ အ.လ.က ယုဇနကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှု ကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိသည်။
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များ၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ မြို့နယ်အတွင်းရှိပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့်အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဇေယျဝတီရပ်ကွက်ရှိ နေအိမ်များနှင့်အခြေခံကျောင်းများတွင် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jul 25,2025
အနန္တစေတနာဖောင်ဒေးရှင်း(ရန်ကုန်)၏ စက္ခုအလင်းဒါနကုသိုလ်ပြုအစီအစဉ်ဖြင့် မျက်စိအတွင်းတိမ်လူနာများအား ဒုတိယအကြိမ် ခွဲစိတ်ကုသမှု အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပရာ သဲဖြူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ ပညာဇောတ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ အနန္တစေတနာဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ သင်ကြားရေးဆေးရုံကြီး(မကွေး)၊ ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့နှင့် ပြည်သူ့ဆေးရုံကြီး၊ မင်းဘူးမြို့တို့မှ ဆေးရုံအုပ်ကြီးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။