ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား​ဘောလုံးပြိုင်ပွဲ ဆု​ချီးမြှင့်ပွဲကျင်းပ

​ရွှေဘို ဇူလိုင် ၂၅

​ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၄-၂ဝ၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား​​ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုယမန်နေ့ ည​နေပိုင်းက အဆိုပါတက္ကသိုလ်ရှိ​ဘောလုံး ​အားကစားတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းသား​မောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေ​ပျော်၍ စာ​တော်​သောလူငယ်​လေးများဖြစ်​အောင် ပညာရေးသာမကပေါင်းသင်းဆက်ဆံ​ရေး​ကောင်းမွန်ပြီး ပူးပေါင်းပါဝင်သည့် အ​လေ့အထ​ကောင်းရရှိ​စေရန်၊ အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာများလည်း ခိုင်မာလာ​စေရန်၊ ဥာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများ​ပေါ်ထွက် စေရန်ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ်ကျင်းပ​ပေးလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသည့်ရူပဗေဒအသင်း၊ဒုတိယဆုရရှိသည့် ညွန့်​ပေါင်း (၃) အသင်း၊ တတိယဆုရရှိသည့် ညွန့်​ပေါင်း (၂) အသင်းများအား ရွှေဘိုတက္ကသိုလ် ပါ​မောက္ခချုပ်ဆရာမကြီး​ဒေါက်တာမျိုးမျိုး၊ ဒုတိယပါ​မောက္ခ ချုပ်​ဆရာမကြီး​ဒေါက်တာမြယာဥ်ယာဥ်ငြိမ်း၊ဌာနမှူး (ပါမောက္ခ) များ၊ သင်ကြားရေးဆရာ/ ဆရာမများကဂုဏ်ပြုဆု​ငွေ၊ ဆုဆွဲပြား၊ ဆုဖလားနှင့် အ​ကောင်းဆုံးကစားသမားဆုတို့ကို ချီးမြှင့်ပေးအပ်ခဲ့​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)