Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင် ကျောင်းပြင်ပမူလတန်းပညာရေးသင်ကြားနေမှုအား ကြည့်ရှုအားပေး
Jul 26,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမျိုးအောင်သည် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဇောတိကာရုံစာသင်တိုက်၌ ကျောင်းပြင်ပမူလတန်းပညာရေးသင်ယူနေမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပ
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ ဘက်စုံထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ စာရေးဆရာမများ၊ အ.မ.က(၁၂)ဗဟန်းမှ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတော ဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်
Jul 26,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ အလှပ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က ကမ်းရိုးတန်းဒေသများမှာ ဒီရေတောများဟာ ရေရှည်တည်တံ့ဖွံ့ဖြိုးခြင်း၊ သက်ရှိတို့အတွက် ရိက္ခာများထုတ်လုပ်ပေးခြင်းနှင့် ရာသီဥထုပြောင်းလဲမှု လျှော့ချပေးခြင်းတို့ကို ကမ္ဘာသူ၊ကမ္ဘာသားများက သတိပြုစေရန် ကမ္ဘာ့ဒီရေတောများပျက်စီးမှုနှင့်အတူ ဆက်စပ်နေတဲ့ ဇီဝမျိုးစုံမျိုးကွဲများ၊ ငါး၊ ပုဇွန်၊ ဂဏန်းများနှင့် ၎င်းတို့၏ နေရင်းဒေသများ ပြုန်းတီးလာမှုများကို စနစ်တကျထိန်းသိမ်းရန်လိုအပ်ပါကြောင်း ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း (၁၂၃)နိုင်ငံတွင်လည်းကောင်း၊ အာရှတိုက်၏နိုင်ငံပေါင်း (၂၅)နိုင်ငံတွင်လည်းကောင်း၊ အရှေ့တောင် အာရှ (၁၀) နိုင်ငံအနက် လာအိုနိုင်ငံမှအပ ကျန် (၉)နိုင်ငံမှာ ဒီရေတောများ ပေါက်ရောက်ရှင်သန်လျက်ရှိ ပြီး ဧရိယာဧက (၁၂.၆၁)သန်းရှိသည့်အတွက် ကမ္ဘာ့ဒီရေတော၏ (၃၃.၅) ရာခိုင်နှုန်းကို အရှေ့တောင် အာရှနိုင်ငံများ တွင်တွေ့ရှိရပါကြောင်း အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်ခရိုင်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ကုသရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပ
Jul 26,2025
သန်လျင်ခရိုင်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရေး၊ အချိန်မီထိရောက်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက် သန်လျင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီး(သန်လျင်)တို့ ပူးပေါင်းကျင်းပသော "သွေးလွန်တုပ်ကွေးရောဂါကာကွယ်ကုသရေးဆိုင်ရာ" ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီတွင် ပြည်သူ့ဆေးရုံကြီးသန်လျင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့ ချမ်းမြေ့သာယာအခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြော
Jul 26,2025
သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ချမ်းမြေ့သာယာ၊ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ…
Jul 26,2025
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးဟန်လင်းအောင်၊ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Jul 26,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အ.ထ.က (၁)ရှိ ရှင်အရဟံခန်းမ၌ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်၊ တပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့တွင် အသိပညာပေးဟောပြောပွဲကျင်းပ
Jul 25,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လဟယ်မြို့တွင် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇူလိုင်လ (၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3710
Page
3711
Page
3712
Page
3713
Current page
3714
Page
3715
Page
3716
Page
3717
Page
3718
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department