ခမောက်ကြီးမြို့ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေး တိုက်ကျွေးခြင်း ဆောင်ရွက်

ခမောက်ကြီး ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလတ်ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ အ.လ.က ယုဇနကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှု ကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ကျေးလက်ကျန်းမာရေးဌာနခွဲ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်မှ (KG) တန်း ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ သွား၊ မျက်လုံး၊ နား၊ နှာခေါင်း၊ လည်ပင်း စသည့် တစ်ကိုယ်ရည်သန့်ရှင်းမှု ကျန်းမာရေးအား စစ်ဆေးပေးခဲ့ပြီး အလယ်တန်းကျောင်းသူလေးများကို သံဓာတ်အားဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)