စေတုတ္တရာမြို့နယ်၌ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

စေတုတ္တရာ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကော်မတီ ကြီးမှူး၍ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကောမတီ၏ ပထမ (၃)လပတ်စီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး​ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးမျိုးမြင့်အောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ပထမ(၃) လပတ်လုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာများက ဌာနအလိုက် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွပ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)