ပိုင်ကျုံ ဇူလိုင်၂၅
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ပရဟိတမြို့မ-သာသနာပြုကျောင်း၌ မြို့ရှိဌာနဆိုင်ရာများတို့မှ စုပေါင်းကာ ဇူလိုင် ၂၄ရက်နေ့က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အလှူ့ရှင်ဒါယကာ ဒါယိကာတို့နှင့်ဒေသနာတရားတော်နာယူရန် ရောက်လာသည့် ဧည့်ပရိတ်များတို့မှ ပိုင်ကျုံမြို့ ပရဟိတမြို့မသာသနာပြုကျောင်းဆရာတော်ထံ ငါးပါးသီလခံယူပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်ပတ်သက်သည့် တရားဒေသနာတော်များ နာယူပြီးနောက် သံဃာတော်အရှင်သူမြတ်တို့အား မြတ်သော ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်ချအမျှဝေခြင်းတို့ကို ဆောင်ရွက်ပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ မြို့မသာသနာပြုကျောင်း၌ ဝါတွင်း (၃) လအတွင်း မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများပူးပေါင်းကာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)