Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃၀၀၀၀၀) သိန်း ငါးမျိုးစိုက်ထည့်ပေး
Jul 26,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက် ကောင်ရေ (၃) သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစု ရိတ်သိမ်းခြွေလှေ့စက်ပေးအပ်ပွဲ ကျင်းပ
Jul 26,2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် တိုက်ကြီးမြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုရိတ်သိမ်းခြွေလှေ့စက်ပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်နှင့် ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးမြို့တွင် ယင်လုံအိမ်သာများ စစ်ဆေးခြင်း၊ အိမ်သာခွက်နှင့်ပိုက်များထောက်ပံ့
Jul 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးခရိုင် ရေဦးမြို့နယ် ဗိုလ်အောင်ဇေယျရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီက ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ယင်လုံအိမ်သာများ စစ်ဆေးခြင်း၊ အိမ်သာခွက်နှင့်ပိုက်များ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆေးတက္ကသိုလ်-မန္တလေး၏ (၅၃) ကြိမ်၊ (၅၄) ကြိမ်နှင့် (၅၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jul 26,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ် မန္တလေး၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း ၃၈ လမ်းရှိ ရတနာပုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jul 26,2025
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်တိုင်းဒေသကြီးပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ လေပြင်းဘေးကြောင့်ပျက်စီး ဆုံးရှုံးသားသောနေအိမ် (၃)လုံးအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 26,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ မြို့မ(၃)ရပ်ကွက် အနောက်စုရပ်တွင် လေပြင်းဘေးကြောင့်ပျက်စီးဆုံးရှုံးသွားသောနေအိမ် (၃)လုံးအတွက်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁၄) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်အစိုးရအဖွဲ့ မှဘီးလင်းမြို့နယ်ရှိ ရေဘေးသင့် အိမ်ထောင်စုများထံ ဆန်နှင့်စားသောက်ကုန်များ ပေးအပ်
Jul 26,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေ စီးဆင်းမှုကြောင့် ဇူလိုင်လ ၂၄ ရက်မှ စတင်ကာ ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် မြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ကျေးရွာ ၅ ရွာတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီးပြီး လူတစ်ဦးသေဆုံးမှုဖြစ်ပွား
Jul 26,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အောင်ကန်သာကျေးရွာတွင် ဇူလိုင်လ ၂၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်က ရုတ်တရက်လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးရွာအလယ်တန်းကျောင်းခွရှိစာသင်ဆောင် (၄)ဆောင်နှင့် ကျေးရွာအတွင်းရှိလူနေအိမ်(၇၇)လုံး အမိုးများလန်ခြင်း ပြိုကျပျက်စီးခြင်းတို့ဖြစ်ပွားခဲ့ပြီး အမျိုး သားတစ်ဦးနေအိမ်ပြိုကျပိမိသေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3707
Page
3708
Page
3709
Page
3710
Current page
3711
Page
3712
Page
3713
Page
3714
Page
3715
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department