ညောင်ဦး ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များ၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ မြို့နယ်အတွင်းရှိပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့်အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဇေယျဝတီရပ်ကွက်ရှိ နေအိမ်များနှင့်အခြေခံကျောင်းများတွင် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကျန်းမာ ရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း ရေအုတ်ကန်များရှိ ရေပမာဏ၊ ရေအုတ်ကန် အလျား၊ အနံ အကျယ်အဝန်းတိုင်းတာ၍ အဘိတ်ဆေး ခတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။မိုးဦးကျရာသီတွင်ဖြစ်ပွာလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါကင်းဝေးစေရေးအတွက် ရပ်ကွက်နှင့်ကျောင်းများအတွင်းရှိ ရေအုတ်ကန်များ၊ရေလှောင်ကန်များ၊ ကားတာရာအဟောင်းများ၊ မော်တော်ဆိုင်ကယ်တာယာအဟောင်းများအတွင်း ရေဆိုး၊ ရေညစ်များအား သွန်ပစ်ခြင်း၊ ခြင်များပေါက်ပွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း