အမြို့မြို့အနယ်နယ်သတင်းများ

Sep 26,2025
မြန်မာလက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းတို့၏ ၂၀၂၆ ဖူဆယ်အာရှဖလားခြေစစ်ပွဲစဉ်ကို စက်တင်ဘာ ၂၄ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပသည်။
Sep 26,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေး(DT)ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၄ ရက်က ဘုန်းတော်ကြီးသင် မူလတန်းကျောင်း ၂ ကျောင်းအပါအဝင် အခြေခံပညာမူလတန်း‌‌၊ အလယ်တန်းနှင့် မူလွန်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
Sep 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၃ နာရီက အချိန်(ဇ)ရပ်ကွက်၊ က္ကန္ဒာ ၁ လမ်းရှိ စေတနာရှင်စာကြည့်တိုက်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Sep 26,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့ခနိကျေးရွာ၊ အေးချမ်းအောင်လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧက(၃၇၅)ဧကတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးထားရှိသော ရွေတစ်ဆုပ်အထွက်တိုးမျိုးစပါး စိုက်ပျိုးထားရှိမှုကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Sep 26,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၊ ရွှေထူးလေး လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧက(၂၉၅)ဧကတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးထားရှိသော ဂျပန်ရွှေဝါထွန်းမျိုးစပါး စိုက်ပျိုးထားရှိမှုကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ကွင်းဆင်းကြည့်ရှုပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိုးစပါးများရိတ်သိမ်းပြီးပါက လာမည့်နွေရာသီတွင် နွေစပါးများ စိုက်ပျိုးချိန်အမီ စိုက်ပျိုးနိုင်ရေးနှင့် အထွက်တိုးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
Sep 26,2025
လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာရေးဆရာကျော်၀င်းရေးသားသည့် "နှစ်ဆယ့်တစ်ရာစု သားရွှေဥ" စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။ ‌
Sep 26,2025
မွန်ပြည်နယ်အနေဖြင့် ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စိန်ရတုခန်းမ၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အခြေခံပညာအဆင့် အမျိုးသား၊ အမျိုးသမီးအကဘာသာရပ် လေ့ကျင့်နေမှုများအားလည်းကောင်း၊ တိုင်းရင်းသားရိုးရာအကပြိုင်ပွဲ (ထားဝယ်တိုင်းရင်းသား ယန်းအက) အကတိုက်လေ့ကျင့်နေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
Sep 26,2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားဥယျာဉ်စီမံကိန်းတွင် ဆောက်လုပ်လျက်ရှိသော အားကစားရုံနှင့်ဘောလုံးကွင်း၊ အားကစားသမားအိပ်ဆောင်များ၊ စားရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး အားကစားဥယျာဉ် လုံခြုံရေးကိစ္စရပ်များ၊ အားကစားခန်းမ အချိန်မီပြီးစီးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးမှာကြားကာ၊ ကားရပ်နားရန် နေရာနှင့် ရေကူးကန်ဆောက်လုပ်ရန် လျာထားနေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။