မိုင်းခုတ် မေ ၂၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ဌာနဆိုင်ရာရုံးများတွင် မီးချိတ် မီးကတ်နှင့် မီးသတ်ဆေးဘူးများထားရှိမှုအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မိုင်းခုတ်မြို့မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသက်လွင်ဇော် ဦးစီး၍ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများအား မီးချိတ် မီးကက်နှင့် မီးသတ်ဆေးဘူးများထားရှိမှု မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိမှုအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်သန္တာအောင် (ပြန်/ဆက်)