မုံရွာ မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သည့် မီဒီယာနှင့် AI ဆိုင်ရာသိနားလည်မှု သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက မီဒီယာနှင့် AI ဆိုင်ရာသိနားလည်မှု သင်တန်းမှ သင်ကြားပေးခဲ့သော မီဒီယာဆိုင်ရာမူဝါဒများ၊ သတင်းမှန်စိစစ်ခြင်း၊ AI နည်းပညာရပ်များကို လက်တွေ့ကျကျအသုံးချနိုင်ကြစေရန်နှင့် ဌာနလုပ်ငန်းများအောင်မြင်စွာ အသုံးချသွာကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဤဦးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီးရုံးတို့မှ သင်တန်းနည်းပြများက မေလ ၁၁ ရက်နေ့ မှ ၁၉ ရက်နေ့အထိ ၊ မီဒီယာနှင့် AI ဆိုင်ရာများနှင့် စပ်လျဥ်း၍ သိသင့်သိထိုက်သည်များကို တိုင်းဒေသကြီး၊ ခရိုင် ဌာနဆိုင်ရာများမှ သင်တန်းသား/ သူ (၄၀) ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)