မင်္ဂလာဒုံ မေ ၂၀
မင်္ဂလာဒုံမြို့နယ်၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ခွဲ)ရန်ကုန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်-ကျန်းမာ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက် ၁၀၀ စီမံချက်အရ ရေသန့်စက်ရုံ ၅ ရုံအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ရှောင်တခင်ဝင်ရောက်စစ်ဆေး ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရက် ၁၀၀ စီမံချက်တွင်ပါဝင်သော ရေသန့်စက်ရုံ ၅ ရုံအား စက်ရုံတည် ဆောက်ပုံတည်နေရာ၊ သန့်ရှင်းသပ်ရပ်မှု၊ စက်ရုံတည်ဆောက်ပုံနှင့် ထိန်းသိမ်းမှုကောင်းမွန်မှု၊ ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်မီ လက်ဆေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ ဦးမင်းမာန်ဇာက ရေသန့်စက်ရုံဝန်ထမ်းများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာသို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ခွဲ) ရန်ကုန်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန် /ဆက်)