ခိုလမ် မေ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ က အဆိုပါရုံးရှေ့တွင် ကျင်းပသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ပွဲသို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများတက်ရောက်ကြပြီး မြို့မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးဇင်မင်းဦးက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)