အမြို့မြို့အနယ်နယ်သတင်းများ

May 20,2026
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်အနေဖြင့် မြို့နယ်သမဝါယမအသင်းစုနှင့်ပူးပေါင်းကာ မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေး၊ စာရင်းကိုင်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက် မြို့နယ်သမဝါယမအသင်းစုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 20,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ဌာနဆိုင်ရာရုံးများတွင် မီးချိတ် မီးကတ်နှင့် မီးသတ်ဆေးဘူးများထားရှိမှုအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 20,2026
မင်္ဂလာဒုံမြို့နယ်၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ခွဲ)ရန်ကုန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်-ကျန်းမာ၊ မြို့နယ်ထွေထွေအုပ်ချုပ်‌ရေး‌ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက် ၁၀၀ စီမံချက်အရ ရေသန့်စက်ရုံ ၅ ရုံအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ရှောင်တခင်ဝင်ရောက်စစ်ဆေး ဆောင်ရွက်သည်။
May 20,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ က အဆိုပါရုံးရှေ့တွင် ကျင်းပသည်။
May 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရက် (၁၀၀) စီမံချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက တနိုင်တပိုင် မျိုးစေ့ထုတ်လုပ်ခြင်းမှ စီးပွားဖြစ်မျိုးစေ့ထုတ်လုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ဒေသတွင်းတောင်သူများ၏ မျိုးစေ့လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးအပြင် မျိုးစေ့လိုအပ်သော အခြားဒေသများသို့ ဖြန့်ဖြူးနိုင်ရေး စပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 20,2026
စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သည့် မီဒီယာနှင့် AI ဆိုင်ရာသိနားလည်မှု သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
May 20,2026
ထိုင်းနိုင်ငံ၌ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ASEAN U - 19 Girls’ Futsal Championship 2026 ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှဦးဆောင်၍ ပဏာမ ယူ - ၁၉ အမျိုးသမီးဖူဆယ်အသင်း ဖွဲ့စည်းနိုင်ရေးအတွက် ကချင်ပြည်နယ်မှ အသက် ၁၉ နှစ်အောက် အမျိုးသမီးဖူဆယ်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လူ‌‌ရွေးချယ်ပွဲအား ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။
May 20,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းသား/ သမီး ကျောင်းသား/ ကျောင်းသူများအား နွေရာသီအင်္ဂလိပ်စာ (ထက်၊ လယ်၊ မူအဆင့်) သင်တန်းနှင့် ကွန်ပျူတာ (လယ်၊ ထက်အဆင့်) သင်တန်းဆင်းပွဲအား ယမန်နေ့နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဂုဏ်ပြုဆုချီးမြှင့်သည်။