အမြို့မြို့အနယ်နယ်သတင်းများ

May 20,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ခရိုင်ရဲတပ်ဖွဲ့နှင့် ခရိုင်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၂၈) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ ဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီအချိန်ထိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လင်းရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 20,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မေလ ၁၉ ရက်နေ့နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(ဘားအံ)နှင့် ဘားအံတက္ကသိုလ်ပတ္တမြားနယ်မြေအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
May 20,2026
ပဲခူးတိုင်းဒေသကြီး၊ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 20,2026
ဇွန်လ (၁) ရက်နေ့တွင် ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများအား ပြင်ဆင်ထားရှိမှုနှင့် ကျောင်းများ သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
May 19,2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို မေလ ၁၇ ရက်‌နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
May 19,2026
ကယားပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပြည်သူ့အတွက် ပထမရက်(၁၀၀)စီမံချက်ဖြင့် အခြေခံမွေးမြူရေးသင်တန်းကို ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီကကျင်းပရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာဝန်ထမ်းမျာနှင့် မွေးမြူရေးလုပ်ကိုင်သူများ တက်ရောက်ကြသည်။
May 19,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို မေလ ၁၈ ရက် နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။