လှိုင် မေ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘုရင့်နောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ လှိုင်မြို့နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်အောင်မိုးက တည်ဆဲအခွန်ဥပဒေများ၊ ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေများအကြောင်းနှင့် အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ အခွန်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)