ကျိုင်းတုံ မေ ၂၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို မေ ၂၅ ရက်နေ့နံနက် ၉ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးတွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးတင်လင်းက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ပြည်နယ်ခွဲဦးစီးမှူး ဦးသန့်ဇင်ထွန်းက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းအာ ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)