မိုင်းရှူး မေ ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် မီးသတ်စခန်းမှ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက် (၉) နာရီအချိန်က ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းရှူးမြို့မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းဇင်ဖြိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်မီးကြိုးများနှင့် မီးခလုပ်များအား စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ သဲပုံးများ၊ ကနဦးမီးငြိမ်းသတ်ရေးပစ္စည်းများထားရှိခြင်း ရှိ / မရှိနှင့် ရေကန်များတွင် ရေအလုံအလောက် အဆင်သင့်ထားရှိရေးတို့ကို အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုသည် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ယာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းရှူး (ပြန်/ဆက်)