Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖားကန့်မြို့နယ် ကောင်ရာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု ကွင်းဆင်းစစ်ဆေး
May 27,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများက ကောင်ရာကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ လာရောက်လေ့လာဖူးမြော်
May 27,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပဲခူးတိုင်း (အရှေ့ပိုင်း) မှ ကျောင်းသား၊ ကျောင်းသူ (၅၈) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ (၆) ဦးလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့လာရောက် လေ့လာဖူးမြော်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်ရဲမှူး အေးမင်းသိန်း၊ မြို့နယ်ပညာရေးမှူး ဦးတင်နိုင်ဦး၊ မြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးမင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာနာ၊ ဌာနဆိုင်ရာများ၊ ရွှေဘုံသာမုနိဂေါပကဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် ဂေါပကအဖွဲ့ဝင်များမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် ရက်(၁၀၀)စီမံချက်ဖြင့် မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
May 27,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့က ယနေ့နံနက် ၁၀နာရီတွင် အမှတ်(၃)ရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်
May 27,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်
May 27,2026
ပုလောမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများ၌ မိုးတွင်းကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို မေ ၂၅ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့ ရပ်ကွက်၊ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်အပ်
May 27,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက်(၈)နာရီမှစတင်၍ ရပ်ကွက်၊ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်တင်မြောက်ခြင်းအခမ်းအနား များကိုပြုလုပ်ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းများဆောင်ရွက်
May 27,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို ယနေ့နံနက်က နောင်တောင်းပရဟိတတပ်ဦးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်၌ တရုတ်ရိုးရာသုံး စက္ကူစက်ရုံများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
May 27,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာရှိ တရုတ်ရိုးရာသုံး စက္ကူထုတ်လုပ်သည့် စက္ကူစက်ရုံများသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28
Page
29
Page
30
Page
31
Current page
32
Page
33
Page
34
Page
35
Page
36
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department