ကျောက်ဆည် မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တည်းခိုခန်းများအား ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဦး ဦးဆောင်သောတပ်ဖွဲ့ဝင်များမှ လျှပ်စစ်အသုံးပြုမှုများစစ်ဆေးခြင်း၊ အရေးပေါ် ရေပက်ပိုက်လိပ်များ ကောင်းမွန်မှုရှိ/မရှိစစ်ဆေးခြင်း၊ တပ်ဆင်ထားသော မီးသတ်ပစ္စည်းကိရိယာများအား စစ်ဆေးခဲ့ကြောင်း သိရသည်။
စုစုအေး (ကျောက်ဆည်)