ကွန်ဟိန်းမြို့နယ် ရေရှည်တည်တံ့သောစိုက်ပျိုးရေး (Sustainable Agriculture) သွားနိုင်ဖို့ သစ်စိမ်းမြေဩဇာကျွေးပြီး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြစို့

ကွန်ဟိန်း မေ ၂၇

မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေး (Sustainable Agriculture) ဆောင်ရွက်စေရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများအကြား နည်းပညာပြန့်ပွားစေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မြို့မကျေးရွာအုပ်စု၊ သိန်းဖျံကျေးရွာ၊ တောင်သူ ဒေါ်နန်းနွမ်း၏ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စံပြစိုက်ဧက (၃) ဧက၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်က သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများနှင့် စိုက်ပျိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး (အီးအမ်စူပါဘိုကာရှီ) မြေဩဇာ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်းတို့ကို လက်တွေ့ပြသကာ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို စုပေါင်းကြဲပက်စိုက်ပျိုးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)