ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ RBF စီမံကိန်းဖြင့် ဆိတ်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး

ပွင့်ဖြူ မေ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ရန်ပုံငွေဖြင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက စံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ရန်ပုံငွေဖြင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းဇယားပုံစံများ ပြည့်စုံမှန်ကန်မှု ရှိ ၊ မရှိ တို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ဖြင့် ထိန်စမ်းဆိတ်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့လေးဖွဲ့မှ အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စံပြကျေးရွာ၌ ဆိတ်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေသည့် အဖွဲ့လေးဖွဲ့ကို ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း စီမံကိန်း (RBF) ရန်ပုံငွေကျပ် သန်း ၃၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၀ သန်း ၊ စုစုပေါင်းရန်ပုံငွေကျပ် သန်း ၄၀ အား အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားပြီး အသင်းသား၊ အသင်းသူ ၂၀ ဦးမှ ဆိတ်အကောင်ရေ ၃၆ ကောင် မွေးမြူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)