မုံရွာ၊ မေ ၂၇
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတင့်လှိုင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့်တို့က အသီးသီးအမှာစကားပြောကြားခဲ့သည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသည့်ကြီးကြပ်မှုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၊ လုံခြုံရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ ဖိတ်ကြားရေးကော်မတီ၊ တည်းခိုရေးနှင့်နေရာချထားရေးကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ ဆက်သွယ်ရေးကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီ၊ ပြန်ကြားရေးကော်မတီ၊ အစည်းအဝေးအထောက်အကူပြုလုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တိုင်းရင်းဆေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်၊ လေကြောင်းပို့ဆောင်ရေး၊ မြန်မာအမျိုးသားလေကြောင်း၊ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီတို့က သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် အားလုံးပူးပေါင်၍အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းတို့ကို တင်ပြမှုများအပေါ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနိဂုံးချုပ် အမှာစကားပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)