ကမာရွတ်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်များကိုဂုဏ် ပြုပွဲကျင်းပ

ကမာရွတ် မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ဂုဏ်‌ဆောင် လူရည်ချွန်များကိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက အမှတ်(၂)အခြေခံပညာမှုလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဥက္ကဋ္ဌနှင့်အဖွဲဝင်များ၊ ဌာနဆိုင်ရာများ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက ဘင်ခရာ၊ပန်ဖွားအကများဖြင့် ကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသူများနှင့်အတူ ကမာရွတ်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်‌မောင်မယ်(၄)ဦးတို့မှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းများဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)