အမြို့မြို့အနယ်နယ်သတင်းများ

Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ပသွယ်ငါးလုပ်ငန်း စခန်းမှ Covid-19 Economic Relief Plan ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ခြင်း အခမ်းနားကို ယနေ့နံနက် ၁၀ နာရီက ပသွယ်ကျေးရွာ ငါးလုပ်ငန်းစခန်း ခန်းမ၌ ကျင်းပသည်။
Aug 27,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ဩဂုတ်လအတွင်း လှုပ်ရှားဆောင်ရွက်မှုများအနက် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး လှုပ်ရှားမှု အဖြစ် မြို့နယ်စည်ပင်သာယာဈေးအတွင်းနှင့်အပြင် ဘက်ရှိ စားသောက်ကုန်အရောင်းဆိုင်များအား ဆားများတွင် အိုင်အို ဒင်း ဓာတ်ပါဝင်မှု ရှိ/မရှိ အရည် အသွေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Aug 27,2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသော စျေးဆိုင်များအား ညွှန်ကြားချက်များနှင့် ရောင်ချခြင်း ရှိ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 27,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပြင်ဆင် ဖြည့်စွက်ခြင်း ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Aug 27,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (Covid-19 Economic Relief Plan-CERP)အရ မိုးစပါးမျိုးစေ့ ထုတ် ဧက(၂၀)အတွက် ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီ အချိန်က ထီးပေါ်ဆိုကျေးရွာအုပ်စု ထီးသော်ကူးကျေးရွာခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
Aug 27,2020
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များ၏ မဲစာရင်းတွင် ကိုင်ဆောင်လက်မှတ် အမှတ်ဖြည့်သွင်းခြင်းနှင့်
Aug 27,2020
ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက COVID-19စီးပွါးရေးကုစားမှုအစီအစဥ်အရ မိုးစပါးပျိုးစေ့ထုတ် လုပ်ငန်း ဆောင်ရွက် သည့် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 27,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာရေးဆရာ လယ်တွင်းသားစောချစ် ၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။