ရွှေတောင် သြဂုတ် ၂၇
ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက COVID-19 စီးပွားရေး ကုစားမှု အစီအစဉ်အရ မိုးစပါးပျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်သည့် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး က ထပ်ဆင့်အမှာစကားပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးက ထောက်ပံ့ငွေပေးအပ်ရခြင်းကို ရှင်းလင်း ပြောကြားပြီး တက်ရောက် လာ သော တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)