ပန်းတနော် သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ပသွယ်ငါးလုပ်ငန်းစခန်းမှ Covid-19 Economic Relief Plan ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ခြင်း အခမ်းနားကို ယနေ့နံနက် ၁၀ နာရီက ပသွယ်ကျေးရွာ ငါးလုပ်ငန်းစခန်း ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်မင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးအောင်လှသိန်းက ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍများ ပြန်လည်ဦးမော့ လာစေရေးအတွက် မြို့နယ်အတွင်းရှိ ငါးမွေးမြူရေး တောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဇော်မင်းဦး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးအောင်လှသိန်းတို့က ငါးမွေးတောင်သူ(၃၇)ဦး၏ ဧက(၁၅၈.၇၀)ဧကအတွက် ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ(၃၁၇၄၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးချမ်းအောင်(ပန်းတနော်)