အမြို့မြို့အနယ်နယ်သတင်းများ

Aug 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေး နိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေး အတွက် ယမန်နေ့က နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
Aug 25,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ဝါသနာ ပါသူများအား စာပေနှင့် စဉ်ဆက်မပြတ် ထိတွေ့နေစေ‌‌ရေးအတွက် အပတ်စဉ်ဌာနဆိုင်ရာများ၊ ကျောင်းများ၌ မိုဘိုင်းစာငှား စနစ်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက သမဝါယမအသင်းစုရုံးသို့ Mobile library ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Aug 25,2020
ဟင်္သာတမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ ရောဂါပြန့်ပွားမှု မရှိစေရေး အတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက လယ်တီကွင်း မြို့ပတ်လမ်းဆုံတွင် ဆောင်ရွက် ခဲ့သည်။
Aug 25,2020
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ကို သြဂုတ်လ ၂၄ ရက်နေ့ ယမန်နေ့နံနက် ၁၀နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး လွှတ်တော်အစည်းအဝေးသို့ မကွေး မြို့နယ် ကျေးလက်မြေအဖွဲ့မှ(၃)ဦးတို့ လွှတ်တော်အစည်းအဝေး ကျင်းပမှုကို တက် ရောက် လေ့လာခဲ့ကြသည်။
Aug 25,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ မသန်စွမ်းသူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
Aug 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပုံမှန်ကာကွယ်ဆေ
Aug 25,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရွှေလှေချောင်း(တွံ)ကျေးရွာအုပ်စု၊ ရွှေလှေချောင်(တွံ)ကျေးရွာတွင် ပထမအကြိမ် မဲစာရင်းများမှ ကွက်လပ်များကို ပြန်လည်ဖြည့်ဆည်းနိုင်ရေးအတွက် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
Aug 25,2020
ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သော ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေ