ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဖရူဆို သြဂုတ် ၂၇

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (Covid-19 Economic Relief Plan-CERP)အရ မိုးစပါးမျိုးစေ့ ထုတ် ဧက(၂၀)အတွက် ပထမအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနားကို  ယနေ့ နံနက် ၉ နာရီ အချိန်က ထီးပေါ်ဆိုကျေးရွာအုပ်စု ထီးသော်ကူးကျေးရွာ ခန်းမဆောင် ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြား ပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးယဉ်ထွန်းက နိုင်ငံတော်မှ ချမှတ်ထား သော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)အရ ဖရူဆိုမြို့နယ်တွင် မိုးစပါး မျိုးစေ့ထုတ်တောင်သူ များအား ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးယဉ်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းတို့က ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)ဖြင့် ထီးပေါ်ဆို ကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူ(၈)ဦးမှ စိုက်ဧက(၂၀)အတွက်  တစ်ဧကလျှင် (၈၃၅၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၆၇၀၀၀၀) အား တောင်သူများထံ  ပထမအကြိမ် ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ဖရူဆိုမြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက(၂၀)အပါအဝင် ကယားပြည်နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက (၁၅၀၀) ရှိကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီး မှူး ဦးယဉ်ထွန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများ တက်ရောက်ကြ ကြောင်း သိရသည်။

တောရယ်(ပြန်/ဆက်)