ပွင့်ဖြူ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် စာရေးဆရာ လယ်တွင်းသားစောချစ် ၏ “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေအကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးစောလွင်က တက်ရောက် လာကြသည့် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များအနေဖြင့် မိမိတို့ လေ့လာဖတ်ရှုထားသမျှ စာပေသိမှတ် ဖွယ်ရာများကို အများပြည်သူအသိပညာဗဟုသုတ တိုးပွားရေး ဝိုင်းဝန်းဆွေးနွေးသွားကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် “ပန်းလိုချင် အပင်ကို ပျိုးတတ်မှ” စာအုပ်အား မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)မှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးနှင့် အဖွဲ့ဝင်(၃)ဦး တို့က ဦးဆောင်၍ သုတ/ရသ စာပေသိမှတ်ဖွယ်ရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသော (Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက သိရှိလို သည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး မြို့နယ်(Book Club)အသင်းဥက္ကဋ္ဌ ဦးစောလွင်က လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )