Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄- ဂ) တို့ဖြင့် လျှောက်ထားသူများကို ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိ
Aug 25,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ (၄- ဂ)တို့ဖြင့် လျှောက်ထားသူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ မဲစာရင်းတွင် အမည်ထည့်သွင်းပေးခြင်း၊ ကန့်ကွက်လွှာများကို စိစစ်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆောင်ရွက်
Aug 25,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ Community Centre ခန်းမ၌ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့် အလေ့အထကောင်းများနှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟိုပင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဝင်များက စာရေးဆရာ ချစ်ဦးညို ရေးသားသည့် တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့်ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင် အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေး သဘာဝမြေဩဇာ(EM ဘိုကာရှီ )ပြုလုပ်ခြင်း လက်တွေ့ကွင်းဆင်းပြသ
Aug 25,2020
အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေး လုပ်ငန်းအဖြစ် သဘာဝ စွန့်ပစ် အမှိုက်များအသုံးပြု၍ သဘာဝမြေဩဇာ( EM ဘိုကာရှီ မြေဩဇာ) လက်တွေ့ပြုလုပ် ပြသခြင်း ကို ယမန်နေ့က ဝါးတန်းကျေးရွာနှင့် ဇရစ်ကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာတို့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Aug 25,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် စတင်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များသို့ ကျန်းမာရေး လမ်းညွှန်ချက်နှင့် အညီ ဖွင့်လှစ် ရောင်းချ နိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန နယ်နမိတ်အတွင်း ဖွင့်လှစ် ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ကျန်းမာရေးဆိုင်ရာသတိပေးချက်များနှင့်အညီနှင့် ဖွင့်လှစ်ရောင်းချခြင်း ရှိ၊ မရှိ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၃နာရီခွဲက ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်တွင် မဲစာရင်များပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်း
Aug 25,2020
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်များ ပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်သော ၍တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရှင်းများ ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီးပေးရေးအဖွဲ့နှင့် ရွှေပြည်သာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ ညနေ (၃)နာရီ အချိန်တွင် ရွှေပြည်သာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ
Aug 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ၂၀၂၀ ပြည့်နှစ်တွင် မိုးစပါးရာသီမျိုးစေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး (အစည်းအဝေး) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး
Aug 25,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်မှု ပိုမိုထိရောက်စေရေး ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29781
Page
29782
Page
29783
Page
29784
Current page
29785
Page
29786
Page
29787
Page
29788
Page
29789
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department