ကျိုက်မရော ဩဂုတ် ၂၇
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်များ၏ မဲစာရင်းတွင် ကိုင်ဆောင်လက်မှတ် အမှတ်ဖြည့်သွင်းခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသူများ အား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်နှင့် ဝန်ထမ်းများက ဩဂုတ်လ ၂၅ ရက်တွင် ချောင်းနှစ်ခွကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့် ဖာသိမ်ကျေးရွာ ဓမ္မာရုံတို့တွင်ကွင်းဆင်း၍ One stop Service ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ကော်မရှင်စာရင်းတွင် အမည်ပါပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ဥပဒေလုပ်ထုံး လုပ်နည်း များနှင့်အညီဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ချိုချို(ပြန်/ဆက်)