မအူပင် သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချသော စျေးဆိုင်များအား ညွှန်ကြားချက်များနှင့် ရောင်ချခြင်း ရှိ မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ခရိုင် ပြန်/ ဆက် ဦးစီးဌာန မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များ၊ ထမင်းဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် စားပွဲဝိုင်းများကြားတွင် (partition) အကာအရံများ ထားရှိရေး၊ အစားအသောက်များကို သန့်ရှင်းစင်ကြယ်စွာ ချက်ပြုတ်ရေး၊ လက်ဆေးဘေစင်များနှင့် Hand Gel များထားရှိပေးရေး၊ ရောင်းချသူများအနေဖြင့် Mask များ Face Shield များတပ်ဆင်ပြီးမှ ရောင်းချမှုရှိစေရေး၊ စားပွဲဝိုင်းတစ်ခုတွင် လူလေးဦးထက်မပိုပဲ ဆိုင်ထိုင်ကြရန်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရန်နှင့် စည်းကမ်းမလိုက်နာ ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အောင်ခိုင်၊(မအူပင်)