အမြို့မြို့အနယ်နယ်သတင်းများ

Aug 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အ.ထ.က(ခွဲ) ရန်အောင်မြေကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Aug 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၄)ကို  ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 16,2024
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုနှင့် မူလတန်းအဆင့် အစာအုပ်စုသုံးအုပ်စု ဆေးရောင်ခြယ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ကျင်းပသည်။ 
Aug 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး‌ဟောပြောသရုပ်ပြပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း‌ပညာရတနာခန်းမ၌ ကျင်းပသည်။
Aug 16,2024
ကျောင်းသားလူငယ်များ စာပေဖတ်ရှုလေ့လာမှု အင်အားကောင်းလာစေရန်နှင့် မိမိတို့ အတွေးအမြင် ဗဟုသုတများကို အချင်းချင်း မျှဝေဆွေးနွေး ဖလှယ်တတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကိုယနေ့နံနက် (၉) နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Aug 16,2024
ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ ဦးစီးကျင်းပသောယာဉ်မောင်း(မွမ်းမံ)သင်တန်း အမှတ်စဉ် (၅/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Aug 16,2024
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ အခြေခံပညာဦးစီးဌာနှင့်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။
Aug 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် မိုင်းးမန်းကျေးရွာအုပ်စု၊ အေးစံရွာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁) နာရီက မိုင်းမန်း- အ.ထ.က ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။