အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အား "Clean City, Green City, Smart City" ဖြစ်ပေါ်လာစေရေးအတွက် မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းကိုမှ ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စုပေါင်းဆွမ်းလောင်းလှူပွဲကို ယမန်နေ့က ရပ်တော်မူဘုရား၌ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်မှူးဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်/ခရိုင်/ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်‌ရောက်ကြကြောင်း သိရသည်။                     
Sep 28,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကန်သာယာ ငါးမွေးမြူရေးနှင့် စိုက်ပျိုးရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
Sep 28,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကာကွယ်ရေးနှင့်လူမှုရေး ဆေးပညာဌာနနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးတက္ကသိုလ်(၂)မှ တတိယနှစ် ဆရာ၀န်လောင်းများက(ဃ)ရပ်ကွက်အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း ကျန်မားရေး စောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Sep 28,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရပ်ကွက်၊ ကျေးရွာများတွင် မဲစာရင်းကပ်ထားကြေညာမည့် လုပ်ငန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်ဖွင့်လှစ်ခဲ့သော ဟိုတယ်ပိုင်းဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက AZURA Resort Hotel ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 28,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့နံနက် (၉)နာရီအချိန်၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်၌ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များအားတွေ့ဆုံ၍ ဒေသတွင်း လုံခြုံရေးအတွက် လမ်းညွှန်မှုများနှင့် အားပေးစကားများပြောကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
Sep 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းမိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ယမန်နေ့ ညနေ(၅)နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။