မြောက်ဥက္ကလာပ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကာကွယ်ရေးနှင့်လူမှုရေး ဆေးပညာဌာနနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆေးတက္ကသိုလ်(၂)မှ တတိယနှစ် ဆရာ၀န်လောင်းများက(ဃ)ရပ်ကွက်အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း ကျန်မားရေး စောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာ ၂၆ ရက်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် ဆေးတက္ကသိုလ်(၂)ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်ပပစိုးနှင့်ဆရာဝန်ကြီးများ၊ မြောက်ဥက္ကလာပမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းနှင်အဖွဲ့များ၊ ဆေးတက္ကသိုလ်(၂)မှ တတိယနှစ်ဆရာ၀န်လောင်း (၂၈၅)ဦးခန့်ကအဖွဲ့များခွဲ၍ (ဃ)ရပ်ကွက်အတွင်း နေထိုင်ကြသောပြည်သူများ၏ နေအိမ်များသို့ တစ်အိမ်တက်၊ တစ်အိမ်ဆင်းကျန်မားရေးစောင့်ရှောက်မှုပေးအပ်သည့် Family Care Visit လုပ်ငန်းအား ဆောက်ရွက်ပေးခဲ့ကြရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များ၊ လူမှုရေးအဖွဲ့များက ဝိုင်း၀န်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး